ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အား တိုင်းရုံး(၁)ရုံး၊ ခရိုင်ရုံး(၄) ရုံး၊ မြို့နယ်ရုံး (၅၄) ရုံး တို့ဖြင့် ဖွဲ့စည်းထားရှိပါသည်။မြို့နယ်ခွဲရုံးများလည်း ထပ်မံ တိုးချဲ့ဖွဲ့စည်းလျှက်ရှိပါသည်။ဘဏ္ဍာရေးဌာန၏ လုပ်ငန်းတာဝန်မှာ ၀င်ငွေ တိုးတက်ရရှိရေးအတွက် အဓိကထားဆောင်ရွက်ရခြင်းဖြစ်ပါသည်။ ၀င်ငွေတိုးတးက်ရရှိရေးဆို ရာတွင် သုံးစွဲယူနစ်တိုးတက်ရေး၊ ကြွေးကျန်လျော့ နည်းကျဆင်းရေး ၊နိုင်ငံခြားငွေ တိုးတက်ရရှိရေး စသည်တို့ အကျူံးဝင်ပါသည်။