ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့အကြောင်းသိကောင်းစရာများ
အမှတ်(၂)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့သည် မြန်မာ့လျှပ်စစ် ဓာတ်အား လုပ်ငန်းမှ လျှပ်စစ်ဓာတ်အားကို တစ်ယူနစ်လျှင် (၂၀)ကျပ်နှုန်းဖြင့် ၀ယ်ယူ၍ ရန်ကုန် မြို့တော်အားတစ်ယူနစ်လျှင် အိမ်သုံးမီတာ (၃၅)ကျပ်နှုန်းဖြင့်၎င်း၊စီးပွားရေးလုပ်ငန်းသုံးမီတာ (၇၅)ကျပ်နှုန်းဖြင့်၎င်း ဖြန့်ဖြူး ရောင်းချပေးနေသောအစိုးရဌာန ဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ရန်ကုန် မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးအဖွဲ့တွင် အဓိကမဏ္ဍိုင်ဌာနကြီး(၄)ခုရှိပြီး၎င်းဌာနကြီးများမှအောက်ပါ အတိုင်း လုပ်ငန်းတာဝန်များ ခွဲဝေစီမံသတ်မှတ်ထားပါသည်။ရုံးလုပ်ငန်းဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊စာဝင်စာထွက်များကို စီမံရေးဌာနမှ၎င်း၊ မီတာဖတ်ခြင်း၊ဘီလ်ဝေခြင်း၊ ဓာတ်အားခကောက်ခံခြင်း စသည့်ဝင်ငွေ ရှာဖွေရေးလုပ်ငန်းများကို ဘဏ္ဍာရေးဌာနမျှ၎င်း၊ ဓာတ်အားစနစ်ကောင်းမွန်ရေး၊ unit losses ကျဆင်းရေး၊ system breakdown,line fault စသည့် technical ပိုင်းဆိုင်ရာများကို အင်ဂျင်နီယာဌာနမှ၎င်း၊လိုအပ်သော infrastructure များကို ပစ္စ္စည်းစီမံရေးဌာနမှ၎င်း ဟန်ချက်ညီစွာ လုပ်ဆောင်လျှက်ရှိပါသည်။
အထက်ဖော်ပြပါ ဌာနကြီး(၄) ခုအနက် ဘဏ္ဍာရေးဌန၏ လုပ်ငန်းစဉ်များကို ဆက်လက်လေ့လာနိုင်ပါသည်။
အထက်ဖော်ပြပါ ဌာနကြီး(၄) ခုအနက် ဘဏ္ဍာရေးဌန၏ လုပ်ငန်းစဉ်များကို ဆက်လက်လေ့လာနိုင်ပါသည်။